အာဆီယံ

အာဆီယံနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း


မြန်မာနိုင်ငံနှင့် နယ်နိမိတ်နီးစပ်သည့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်းဖွဲ့စည်း ထားသည့် ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ   အနေဖြင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပြီး၊

အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်မှုများအနက် စီးပွားရေး အသိုက်အဝန်း နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ၏ အဓိကတာဝန်ယူ   ဆောင်ရွက်ရသည့် ဝန်ကြီးဌာန(focal ministry) အဖြစ် လည်းကောင်း၊

မြန်မာနိုင်ငံ၏ အာဆီယံ စီးပွားရေးဝန်ကြီး၏ အတွင်းရေးမှူးရုံး အဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်

      (က) အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှုနှင့်
      ( ခ) ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု များတွင် ပူးပေါင်း    ပါဝင် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။




အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု

  • အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of Southeast Asian Nations- ASEAN) ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ Bangkok Declaration ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ပါဝင် လက်မှတ် ရေးထိုး ဖွဲ့စည်းခဲ့ပါသည်။
  • အာဆီယံအား ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရှေ့တောင်နိုင်ငံများ ကြီးပွားတိုးတက်ပြီး တူညီသည့် အေးချမ်းသော အသိုက်အဝန်းထူထောင်ရေးအတွက် ခိုင်မာသည့် အခြေခံကောင်းများရရှှိရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုမြှှင့်တင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
  • ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် လည်းကောင်း၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသည် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်းကောင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်င်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့သည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် လည်းကောင်း အာဆီယံသို့ အဖွဲ့ဝင်နိုင်ငံသစ်များ အဖြစ်ဝင်ရောက်ခဲ့ကြပါသည်။

၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေး တွင် အာဆီယံ ခေါင်းဆောင်ကြီးများသည် အာဆီယံအား တည်ငြိမ်သော အောင်မြင် ကြွယ်ဝ သော ယှဉ်ပြိုင်မှုစွမ်းအား မြင့်မားသော၊ အချိုးညီညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲ နွမ်းပါးမှုနှင့် လူမှု စီးပွားရေး ကွာခြားမှုနည်းပါးသော ဒေသကြီးဖြစ်လာရန် အာဆီယံ မျှော်မှန်း ချက် ၂၀၂၀ (ASEAN Vision 2020) ကို ကြေညာခဲ့ပါသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးတွင် ခေါင်းဆောင်ကြီးများမှ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို ရှေ့တိုး၍ ၂၀၁၅ ခုနှစ်တွင် တည်ထောင်ရန် ထပ်မံ ကတိပြုခဲ့ကြပြီး၊ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စီဘူး ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

အေအီးစီအား ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ နိုင်ငံများအားလုံးမှ အေအီးစီအကဲဖြတ်မှတ်တမ်း (AEC Scorecard) အား ၂၀၀၈ ခုနှစ်မှစ၍ (၂)နှစ်တွင် တစ်ကြိမ် အဆင့် (၄) ဆင့် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

အာဆီယံအနေဖြင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း ၂၀၁၅ ကိုအောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြောင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြေညာနိုင်ခဲ့ပြီး အေအီးစီ ၂၀၂၅ (၂၀၁၆ ခုနှစ် မှ ၂၀၂၅ ခုနှစ်အထိ) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ရှိပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ (AEC Blueprint) ကို ASEAN 2025: Forging Ahead Together ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ က အတည်ပြု ခဲ့ပါသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ သည် အာဆီယံစီးပွားရေး အသိုက်အဝန်းကို ၂၀၂၅ ခုနှစ်တွင် ထူထောင်နိုင်ရေးအတွက် အောက်ဖော်ပြပါ သွင်ပြင်လက္ခဏာ (၅) ရပ်ကို ပိုမို အားကောင်းလာစေရန်နှင့် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်-

  • ပေါင်းစည်းညီညွတ်မှုမြင့်မားသောစီးပွားရေးဒေသ

  • ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ ဆန်းသစ်တီထွင်မှုရှိသော၊ အရှိန်အဟုန်ဖြင့် တိုးတက် သည့် အာဆီယံဒေသ

  • ပေါင်းစည်းဆက်သွယ်မှုနှင့် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြင့်မားသော အာဆီယံဒေသ

  • ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး အားလုံးပူးပေါင်းပါဝင်သော ပြည်သူ့ဦးစားပေးပြည်သူ ဗဟိုပြုအာဆီယံဒေသနှင့်

  • ကမ္ဘာလုံးဆိုင်ရာအာဆီယံဒေသ

အာဆီယံ စီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ ကို အကောင်အထည်ဖော်ရန် အဆိုပါ သွင်ပြင်လက္ခဏာများ ရရှိရေးအတွက် အာဆီယံအနေဖြင့် Consolidated Strategic Action Plan (CSAP) 2025 အား ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ နှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီ၏ Strategic Action Plan (SAP) နှင့်အညီ ရေးဆွဲထားသည့် work plan (၂၃) ခုကို အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများက အတည်ပြုခဲ့ပြီးဖြစ် ပါသည်။

အေအီးစီကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းအဖွဲ့များမှ annual measures များကို သတ်မှတ်ကြပါသည်။ Consolidated Strategic Action Plan (CSAP) တွင် အကောင်အထည်ဖော်ရန် ကျန်ရှိသောAEC 2015 Measure များနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ ၂၀၂၅ ၏ ​ဇောင်းပေးဆောင်ရွက်မည့် နယ်ပယ် အသစ်များနှင့် စပ်လျဉ်းသည့် Measures များ ပါရှိပါသည်။ AEC measures များ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို AEC 2025 Monitoring and Evaluation (M&E) Framework ဖြင့် ဆန်းစစ် သုံးသပ်မည် ဖြစ်ပါသည်။

အေအီးစီ ၂၀၂၅ သည်အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေခြင်း၊ အီလက်ထရောနစ် အခြေပြု စီးပွားရေးအခြေခံတစ်ခုအဖြစ် အထောက်အပံ့ပေးခြင်း၊ ကောင်းမွန် သော စီမံအုပ်ချုပ်မှုများကို တိုးမြှင့်ပေးနိုင်ခြင်းနှင့် Digital နည်းပညာများ ပေါ်ထွက်လာစေ ခြင်းတို့ကို အဓိကဆောင်ရွက်ပါသည်။ အေအီးစီ ၂၀၂၅ ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များမှ Annual Priorities Measures များကို သတ်မှတ်ကြပါသည်။

  • မြန်မာနိုင်ငံအနေဖြင့် AEC 2025 CSAP (Consolidated Strategic Action Plan) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်း ကော်မတီ (၂၂) ခုကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ရမည့် Measures (၉၀) ခုရှိသည့်အနက် (၇၆) ခုကို ပြီးစီး အောင်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံအနေဖြင့် ဦးစားပေး အကောင်အထည် ဖော် ဆောင်ရွက်ရမည့် Measures (၁၁၈) ခု ရှိရာ Measures (၁၀၃) ခုကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ရန် အေအီးစီ measures (၁၅၆) ခု ရှိသည့်အနက် (၁၀၁) ခုကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
  • ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်ရန် အာဆီယံတစ်ခုလုံးအနေဖြင့် အေအီးစီ measures (၁၇၁) ခုထားရှိပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ အာဆီယံ နိုင်ငံများအားလုံးက (၉၃) ခုကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်အတွက် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ရမည့် Measures (၁၆၇) ခု ရှိပါသည်။ အဆိုပါ Measures (၁၆၇) ခုအနက် (၁၀၁) ခုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပြီးစီး အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အကောင်အထည်ဖော်ရန် ကျန်ရှိနေသော နှစ်အလိုက် Annual Measures များ ပြီးစီးရန် ဆောင်ရွက်လျက်ရှိပါသည်။

ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနမှ အောက်ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိပါသည် -

  • အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသများနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင် ဆောင်ရွက်ခြင်း၊
  • အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသများ အကောင်အထည် ဖော်ရေး အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ လွတ်လပ်သော ကုန်သွယ်မှု ဒေသ မိတ်ဖက်နိုင်ငံများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • ပြည်ပတွင် ကျင်းပသည့် အစည်းအဝေးများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များသို့ တက်ရောက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ပြည်ပနိုင်ငံများမှ ကြီးမှူးပြုလုပ်သည့် အစည်း အဝေးများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စွမ်းဆောင် ရည် မြှင့်တင်ရေး အစီအစဉ်များကိုမြန်မာနိုင်ငံတွင် လက်ခံကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊

အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူ စာချုပ်များမှာ-

  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူစာချုပ် (၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကို ပြန်လည် ပြင်ဆင်သည့်အခြေပြစာချုပ် (၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာသဘောတူ စာချုပ် (၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ကုန်စည်ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြင်ဆင်သည့် အခြေပြစာချုပ် (၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ် (၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်၏ ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်၏ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (၂၀၀၉ ခုနှစ်၊ ဩဂုတ်လ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြင်ဆင်သည့်ဒုတိယအခြေပြစာချုပ် (၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ်၏ ဒုတိယအသုတ်ကတိကဝတ်များဖြေလျှော့ ခြင်းဆိုင်ရာအခြေပြစာချုပ် (၁၆-၁၁-၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်ကို ပြင်ဆင် သည့် တတိယအခြေပြစာချုပ် (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူစာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် တွင် ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေ သည့် နည်းပညာဆိုင်ရာအတားအဆီးများ၊ လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားအန္တရာယ် ကင်းစင်ရေးဆိုင်ရာနယ်ပယ်များ ထပ်မံဖြည့်စွက်သည့်အခြေပြစာချုပ် (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ)
  • အာဆီယံ-တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်နှင့် ယင်း၏ အောက်တွင် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များကို ပြင်ဆင်သည့် အခြေပြ စာချုပ် (၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ)

အာဆီယံ-ဂျပန်လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင်လက်မှတ်ရေးထိုးပြီးသည့် သဘောတူစာချုပ်များမှာ -

  • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကြေညာချက် (၂၀၀၂ ခုနှစ် နိုဝင်ဘာလ)
  • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူ စာချုပ် (၂၀၀၃ ခုနှစ် အောက်တိုဘာလ)
  • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (၂၀၀၈ ခုနှစ် ဧပြီလ)

အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ်ရေးထိုးပြီးသည့် သဘောတူစာချုပ်များမှာ -

  • အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဘောင် သဘောတူ စာချုပ် (၂၀၀၅ ခုနှစ် ဒီဇင်ဘာလ)
  • အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာသဘောတူစာချုပ် (၂၀၀၅ ခုနှစ် ဒီဇင်ဘာလ)
  • အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၆ ခုနှစ် သြဂုတ်လ)
  • အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၀၇ ခုနှစ် နိုဝင်ဘာလ)
  • အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်(၂၀၀၉ ခုနှစ် ဇွန်လ)
  • အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်၏ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကိုပြင်ဆင်သည့်အခြေပြ စာချုပ်(၂၀၁၀ ခုနှစ် နိုဝင်ဘာလ)
  • အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြ စာချုပ်) (၂၀၁၁ ခုနှစ် နိုဝင်ဘာလ)
  • အာဆီယံ-ကိုရီးယားဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူ စာချုပ်၏ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်(၂၀၁၅ ခုနှစ် အောက်တိုဘာလ)
  • အာဆီယံ-အိန္ဒိယဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ် (၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ)
  • အာဆီယံ-အိန္ဒိယဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူစာချုပ် အောက်ရှိကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်(၂၀၀၉ ခုနှစ်၊ သြဂုတ်လ)
  • အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူစာချုပ်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးယန္တရားသဘောတူစာချုပ် (၂၀၀၉ ခုနှစ်၊ သြဂုတ်လ)
  • အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်သဘောတူ စာချုပ်အောက်ရှိဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူစာချုပ် (၂၀၁၄ ခုနှစ်၊ သြဂုတ်လ)
  • အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် သဘောတူစာချုပ်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (၂၀၁၄ ခုနှစ်၊ သြဂုတ်လ)

အာဆီယံ-သြစတြေးလျ-နယူးဇီလန်လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ် ရေးထိုးထားသောစာချုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေး သဘောတူစာချုပ် (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ)
  • အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူ စာချုပ်ကို ပြင်ဆင်သည့်ပထမအခြေပြစာချုပ် (၂၀၁၄ ခုနှစ်၊ သြဂုတ်လ)

အာဆီယံ-ဟောင်ကောင် လွတ်လပ်သောကုန်သွယ်မှုဒေသအောက်တွင် လက်မှတ် ရေးထိုး ထားသော စာချုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • အာဆီယံ- ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၂၀၁၈ ခုနှစ်၊ မတ်လ)
  • အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့အကြား ချုပ်ဆိုထားသော ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် (၂၀၁၈ ခုနှစ်၊ မတ်လ)

ရည်ရွယ်ချက်

  • RCEP ကို အပေါင်း ၁ Free Trade Agreements (FTAs) များထက် ခေတ်မီ၍ ပြီးပြည့်စုံမှုရှိပြီး အရည်အသွေး မြင့်မားသော အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ဖြစ်ရန်နှင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

နောက်ခံအချက်အလက်များ

  • ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ၎င်း၏ လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်ချုပ်ဆိုထားသောနိုင်ငံများ (FTA Countries) ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန် (၆) နိုင်ငံ စုစုပေါင်းအဖွဲ့ဝင် (၁၆) နိုင်ငံ ပါဝင်ပါသည်။
  • အာဆီယံ- ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ဂျပန်နှင့် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် (Free Trade Agreement - FTA) များ ချုပ်ဆိုခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ အပေါင်းတစ် FTA များထက် ခေတ်မီ၍ ပြီးပြည့်စုံမှုရှိပြီး အရည်အသွေး မြင့်မားသော အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဖြစ်စေရန် ရည်မှန်းထားပါသည်။
  • RCEP တွင် ပါဝင်သည့် နိုင်ငံ (၁၆) နိုင်ငံသည် ၂၀၁၈ ခုနှစ် စာရင်းအရ ကမ္ဘာ့လူဦးရေ၏ ၄၇.၄% နှင့် ကမ္ဘာ့စီးပွားရေး၏ ၃၂.၂% ရှိပြီး၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉.၁% နှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၂.၅% ကို ကိုယ်စားပြုပါသည်။
  • ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ပြုလုပ် ခဲ့သည့် ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တစ်ဆက်တည်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များသည် ပထမဆုံးအကြိမ် RCEP ဆွေးနွေးညှိနှိုင်းမှု များကို စတင်ဆောင်ရွက်ခဲ့ပြီး RCEP ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မူဝါဒလမ်း ညွှန်ချက်များနှင့် ရည်ရွယ်ချက်များကို နိုင်ငံခေါင်းဆောင်များမှ ချမှတ်ခဲ့ပါသည်။ RCEP စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရန် ပထမအကြိမ် RCEP ထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများနှင့် တစ်ဆက်တည်းလည်းကောင်း၊ တတိယအကြိမ် RCEP(RCEP-Joint-Leaders-Statement-for-3rd-RCEP-Summit) ထိပ်သီး အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် တစ်ဆက်တည်းလည်းကောင်း ကျင်းပခဲ့ပါသည်။ ယနေ့အထိ RCEP ထိပ်သီး အစည်းအဝေး (၃) ကြိမ်၊ RCEP ဝန်ကြီးများအစည်းအဝေး (၇) ကြိမ်၊ RCEP ဝန်ကြီးများ ကြားဖြတ်ညှိနှိုင်းအစည်းအဝေး (၉) ကြိမ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် ဆက်စပ်လုပ်ငန်း အဖွဲ့၊ အဖွဲ့ခွဲ များအစည်းအဝေး (၂၈) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
  • ဆွေးနွေးညှိနှိုင်းမှုပြုရာတွင် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီအောက်၌ လုပ်ငန်းအဖွဲ့ (၉) ခုနှင့် လုပ်ငန်းအဖွဲ့ခွဲ (၇) ခုတို့ဖြင့် စုစည်းညှိနှိုင်းလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင် ရာဌာနများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးညှိနှိုင်းလျက် ရှိပါ သည်။
  • ဝန်ကြီးများမှ RCEP တွင် ပါဝင်သည့် နိုင်ငံများအားလုံးကို Guiding Principles and Objectives for Negotiating the RCEP နှင့်အညီ နိုင်ငံအားလုံး သဘောတူလက်ခံနိုင်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိစေရေးအတွက် ရည်မှန်းချက်အဆင့်ကို ညှိနှိုင်းဆောင်ရွက်ရန် ညှိနှိုင်းရေးမှူးများကို တာဝန်ပေးအပ်ထားပါသည်။
  • RCEP Guiding Principles and Objectives for Negotiating the RCEP အရ ပါဝင်နိုင်ငံများ၏ မတူညီသည့်ဖွံ့ဖြိုးမှုအခြေအနေကို ထည့်သွင်းစဉ်းစား၍ သက်ဆိုင်သည့် လက်ရှိ အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်များနှင့် အညီ အထူးနှင့်ခြားနားအခွင့်အရေးများ (special and differential treatment) အတွက် ပြဋ္ဌာန်းချက် များအပါအဝင် သင့်လျော်သည့် ဖြေလျှော့မှုပုံစံများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ထပ်မံ ဖြေလျှော့မှုပေးခြင်း (Additional Flexibility) ကို အသုံးပြုနိုင်ပါသည်။
  • တတိယအကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေးတွင် စာသားညှိနှိုင်းမှုနှင့် စပ်လျဉ်း၍ အခန်း ၂၀ လုံးကို လည်းကောင်း၊ ဈေးကွက်ဖွင့်လှစ်ရေးကိစ္စများတွင် အဓိကအရေးပါသည့် အပိုင်းများကို လည်းကောင်း အဖွဲ့ဝင် (၁၅) နိုင်ငံမှ အပြီးသတ်ညှိနှိုင်းပြီးစီးကြောင်း၊ RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးရန်အတွက် ဥပဒေအရစီစစ်ခြင်း (Legal Scrubbing) စတင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ကြောင်း ခေါင်းဆောင်ကြီးများက မှတ်တမ်းတင်ခဲ့ပါသည်။
  • လက်ရှိတွင် RCEP ကို ၂၀၂၀ ခုနှစ် ဇွန်လတွင် legal scrubbing အပြီးသတ် ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၀ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဥပဒေရေးရာနှင့် အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ (Working Group on Legal and Institutional Issue – WGLII) က စာသားများစီစစ်ခြင်း (Legal Scrubbing) ကိုဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်များအလိုက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့၊ လုပ်ငန်းအဖွဲ့ခွဲများ

စဉ် လုပ်ငန်းအဖွဲ့ / လုပ်ငန်းခွဲအဖွဲ့ ဘာသာရပ်ဆိုင်ရာ ဌာန
ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန
ကုန်စည်ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန
ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ အကောက်ခွန်အစီအစဉ်နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ကုန်သွယ်ရေး ဦးစီးဌာန၊အကောက်ခွန် ဦးစီးဌာန
လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားရောဂါကင်းစင်စေရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ စိုက်ပျိုးရေးဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာနမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စံချိန်စံညွှန်းနှင့် နည်းပညာ ဆိုင်ရာ အကဲဖြတ် အစီအစဉ် များဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန
Suကုန်သွယ်ရေးကုစားမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ ကုန်သွယ်ရေး ဦးစီးဌာန
ဝန်ဆောင်မှုကုန်သွယ်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ ကုန်သွယ်ရေး ဦးစီးဌာန
ငွေရေးကြေးရေးဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်
ဆက်သွယ်ရေးဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန
၁၀ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်း အဖွဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
၁၁ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းအဖွဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန
၁၂ အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်း အဖွဲ့ သတင်းအချက် အလက်၊ နည်းပညာ နှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန
၁၃ ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ ကုန်သွယ်ရေးဦးစီး ဌာန
၁၄ ဥပဒေရေးရာနှင့် အဖွဲ့အစည်း များဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန ပြည်ထောင်စု ရှေ့နေချုပ်ရုံး
၁၅ အစိုးရဝယ်ယူရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ငွေတိုက်ဦးစီးဌာန