သတင်းများ

သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း Myanmar Carlsberg Co., Ltd. ၏ Managing Director ဖြစ်သူ Mr. Christoph Vavrik နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန်လ ၂

 

​ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် Myanmar Carlsberg Co., Ltd.  Managing Directorဖြစ်သူ Mr. Christoph Vavrik နှင့် အဖွဲ့အားယနေ့နံနက်ပိုင်းတွင် နေပြည်တော် နှင့် ရန်ကုန်မြို့ရှိသက်ဆိုင်ရာနေရာဒေသများမှှ Video Conference စနစ်ဖြင့်တွေ့ဆုံခဲ့ပြီး MCCL မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။