ကော်မရှင်သတင်းများ

ကော်မရှင် သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေးတွင် ရှင်းလင်းတင်ပြ


နေပြည်တော်၊ မေ ၁၈


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက် (တနင်္လာနေ့) မွန်းလွဲပိုင်း၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါသည်။